ဒီမိုကရေစီအားကောင်းအောင် လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြဖို့ အာဏာသိမ်း သမ္မတ ဖိတ်ခေါ်

စစ်အာဏာသိမ်းမှုကြောင့် ကဏ္ဍပေါင်းစုံ ချွတ်ခြုံကျခဲ့ရတဲ့ မြန်မာနိုင်ငံမှာ စစ်အစိုးရက နိုင်ငံရေးခိုင်မာအားကောင်းအောင် လုပ်ဆောင်နေပြီး စီးပွားရေးလည်း ခိုင်မာအောင် ဆက်လုပ်သွားမှာဖြစ်လို့ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ အာဏာသိမ်း သမ္မတက ဖိတ်ခေါ်လိုက်ပါတယ်။

ဦးမင်းအောင်လှိုင်ရဲ့ သမ္မတရာထူးနဲ့ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်တဲ့ နယူးဒေလီကို ရောက်ရှိချိန်မှာ သူတို့ အစိုးရအနေနဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာနဲ့ ဆက်လက်လျှောက်လှမ်းနေပြီး စီးပွားရေးနဲ့ ပတ်သက်ပြီးတော့လည်း ခိုင်မာအောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဒါကြောင့် အိန္ဒိယနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ယုံယုံကြည်ကြည်နဲ့ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ မေ ၃၁ ရက်နေ့က နယူးဒေလီမြို့မှာ ကျင်းပခဲ့တဲ့ မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားမှာ ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းလမ်းနဲ့အညီ ပြည်သူလူထုက ရွေးကောက်တင်မြှောက်တဲ့ အစိုးရသစ်ကို အခုနှစ် ဧပြီ ၁၀ ရက်မှာ ဖွဲ့စည်းခဲ့ပြီး ဒီမိုကရေစီနိုင်ငံအဖြစ် ခိုင်မာအားကောင်းအောင် ဆောင်ရွက်နေတယ်လို့ ဦးမင်းအောင်လှိုင်က ဆိုပါတယ်။

အစိုးရသစ်လက်ထက်မှာ ရေရှည်တည်တံ့ပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ဖော်ဆောင်နိုင်ဖို့ မိတ်ဖက်နိုင်ငံတွေနဲ့ မဟာဗျူဟာမြောက် စီးပွားရေးတိုးမြှင့်နိုင်ရေး ဦးစားပေးလုပ်ဆောင်နေပြီး လာရောက်ရင်းနှီးမြှုပ်နှံဖို့ အခုလို ဖိတ်ခေါ်လာတာပါ။

အိန္ဒိယနိုင်ငံဟာ နို့ထွက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းတွေမှာ အားကောင်းသလို ဆေးဝါးထုတ်လုပ်မှုမှာလည်း ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်လို့ မြန်မာနိုင်ငံမှာ အဲဒီလုပ်ငန်းတွေ နှစ်နိုင်ငံပူးပေါင်းမှုအဖြစ် လာရောက်ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်း များစွာရှိတယ်လို့ ပြောပါတယ်။

လက်ရှိမှာ အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၃၉ ခု ရှိပြီး အမေရိကန်ဒေါ်လာ ၇၈၂ ဒသမ ၃၈၅ သန်းနဲ့ ၁၁ နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်သလို နှစ်နိုင်ငံကုန်သွယ်မှုဟာ နှစ်စဉ်ပျမ်းမျှ ၁ ဒသမ ၅ ဘီလီယံဝန်းကျင် ရှိပါတယ်။

ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းနဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးတို့ဟာ နှစ်နိုင်ငံကုန်သွယ်မှုကိုသာမက အာဆီယံ-အိန္ဒိယ စီးပွားရေးစင်္ကြံကိုပါ ဖွင့်လှစ်ပေးမယ့် သော့ချက်တွေလို့ ဦးမင်း‌‌အောင်လှိုင်က ဆိုပါတယ်။

ဒါကြောင့် အဲဒီ စီးပွားရေးစင်္ကြံတစ်လျှောက် အထူးစီးပွားရေးဇုန်တွေနဲ့ ထောက်ပံ့ပို့ဆောင်ရေးအခြေခံအဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်းကောင်းတွေ ရှိနေကြောင်း သူက ပြောကြားထားတာပါ။

တစ်ဘက်မှာ ဦးမင်းအောင်လှိုင်က သားဖြစ်သူ ရယူထားတဲ့ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်က ရတနာပုံမြို့သစ်စီမံကိန်းမှာ နည်းပညာနဲ့ ဒီဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းတွေကို လာရောက်ရင်းနှီးမြှုပ်နှံဖို့ကိုလည်း ဖိတ်ခေါ်ထားပါသေးတယ်။

ဒါ့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ချည်မျှင်နဲ့ အထည်အလိပ်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ပညာရေးဝန်ဆောင်မှု၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေမှာလည်း အိန္ဒိယလုပ်ငန်းရှင်တွေ လာရောက်ရင်းနှီးမြှုပ်နှံဖို့ အထူးဖိတ်ခေါ်ထားတာပါ။

ဒီလိုမျိုး ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံတွေ တိုးမြှင့်ရေးအတွက် အာမခံနိုင်တဲ့ လုပ်ငန်းတွေကို အာဏာသိမ်း သမ္မတက ဖိတ်ခေါ်နေပေမယ့် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်‌နေတဲ့ မြန်မာ့အကျပ်အတည်းဟာ လက်ရှိအချိန်ထိ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိသေးပါဘူး။

စစ်အစိုးရဘက်က ဒီမိုကရေစီခိုင်မာအားကောင်းအောင် လုပ်နေတယ်လို့ ပြောပေမယ့် လက်တွေ့မှာ နိုင်ငံသားတွေအပေါ် ကန့်သတ်ထားတဲ့ ဥပဒေတွေ ပုဒ်မတွေ ပယ်ဖျက်တာ မရှိသလို လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်တွေမှာလည်း တင်းကျပ်ထားဆဲ အခြေအနေပါ။

ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ Economist Intelligence Unit (EIU) အဖွဲ့ရဲ့ အချက်အလက်တွေအရ မြန်မာ့စီးပွားရေးဟာ လာမယ့် ၂၀၃၀ ပြည့်နှစ်အထိ COVID-19 ကပ်ရောဂါနဲ့ အာဏာမသိမ်းမီက အခြေအနေကို ပြန်လည်ရောက်ရှိဖို့ ရုန်းကန်နေရဦးမယ်လို့ အသိပေးထားပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top

BOOK Your Bmw Appointment

Fill out the form below, and our BMW team will contact you shortly to assist with your vehicle inquiry.

Contact Information
Vehicle Information
Preferred Date and Time Selection
Get Exclusive BMW Updates

Be the first to discover new BMW models, special offers, and showroom events.